Friday, July 31, 2009

လိုချင်တဲ့အဖြေနဲ့ အနီးကပ်ဆုံး

အဖြေနဲ့ သိပ့်နီးကပ်တဲ့ပုံကလေးပါ။သေသေခြာခြာရှာကြည့်ပါလားခင်ဗျာ-လေးစားပါတယ်ခင်ဗျာ-ကျေးဇူးလည်းတင်ပါတယ်။

ဒီပုံကလေးထဲမှာအဖြေပါတယ်

ဒီပုံကလေးထဲမှာအဖြေပါတယ်-ရှာကြည့်နော်-သိပ့်ပြီးသိသာပါတယ်။ရှာကြတဲ့သူများသိပ့်ကျေးဇူးတင်ပါတယ်ခင်ဗျာ-

ဓါတ်ပုံမှာဘာလိုအပ်နေပါသလဲ-

ဓါတ်ပုံကိုပုံကြီးချဲ့ ပြီးကြည့်လိုက်ပါ။
ဓါတ်ပုံထဲမှာလိုအပ်နေတာတခုရှိပါသည်။သင်ရအောင်ရှာထားခဲ့ ပါ။ကျေးဇူးတင်ပါသည်။

Thursday, July 30, 2009

ဓါတ်ပုံကလေးကိုရိုက်ခဲ့စဉ်ကအဖြစ်တွေ



ဓါတ်ပုံကလေးတပုံရိုက်ဖို့ တကယ်ကျိုးစားရင်တကယ်မလွယ်ခဲ့ပါဘူးဗျာ-ဓါတ်ပုံကလေးတပုံထွက်လာဖို့အထူးဂရုစိုက်ခဲ့ရပါတယ်-
အဲဒီတုံးကစက๎ာပူမှာပိတောက်ပန်းကမရှိ-ပင်နီအကျီင်္ကလည်းဝယ်လို့မရ-ရန်ကုန်ကိုဖုန်းဆက်မှာရတယ်-ရောက်လာပြန်တော့လည်း
အကျီင်္ကရွှေမိနဲ့ကြီးနေ-ဓါတ်ပုံကမနက်ဖြန်ကြရင်ရိုက်တော့မှာ-ညတွင်းခြင်းအကျီင်္ကိုဖျက်ပြီးချုပ်လိုက်ရတယ်-
(ဖျက်ချုပ်တယ်ဆိုတာဂျစ်တူးကိုယ်တိုင်ချူပ်ပေးရတာပါ။)
တခါရွှေရိုးကလေး
အတွက်လည်းမြန်မာဖြစ်ပုဆိုးနဲ့အကျီင်္ကိုရအောင်မနဲရှာယူရတယ်။
ရွှေရိုးဆိုမှတော့မြန်မာဆန်မှဖြစ်မှာကိုး-အားလုံးကိုမြန်မာဖြစ်တွေဘဲသုံးချင်တာလေ-
မနက်ရောက်တော့လည်းအစောကြီးထ-
ကင်မရာကိုအိပ်ကိုလည်းလွယ်-မိတ်ကပ်အိပ်ကိုလည်းယူ-ကလေးတွေဝတ်မည့်အဝတ်အစားအိပ်ကိုလည်းယူ
(တယောက်တည်းရေခဲချောင်းရောင်းသူလိုဘဲ)တယောက်တည်းမိုးဖွားဖွားကလေးမှာ
ဘုန်းကြီးကျောင်းကိုထွက်လာခဲ့လိုက်တယ်-
ဘုန်းကြီးကျောင်းရောက်တော့ကလေးတွေကမရောက်သေး-ခဏစောင့်လိုက်တော့လာကြပါပြီဗျာ။
ကလေးတွေကအိပ်ယာစောစောမထချင်လို့ စောင့်နေရလို့ ကြာသွားတာလို့ရွှေရိုးအဖေနဲ့အမေကပြောပါတယ်-
ကလေးတွေကိုမျက်နှာပြင်ပေး-အကျီင်္တွေဝတ်ပေးပြီးတော့မိုးအတိတ်ကိုစောင့်နေလိုက်တယ်
မိုးတိတ်တာနဲ့ဓါတ်ပုံရိုက်တော့တာပါဘဲ----------------------
ရန်ကုန်မှာနေတုံးကမော်ဒယ်တယောက်ကိုအဝတ်အစားတာဝန်ယူတဲ့သူကယူ-မိတ်ကပ်လိမ်းပေးတဲ့သူကလိမ်းပေး-
ဓါတ်ပုံဆရာက-ကင်မရာပေါ်လက်တင်ရိုက်လိုက်ယုံဘဲလေ-အစစအရာရာစီစဉ်စရာမှမလိုဘဲဗျ-အခုလောက်မပင်ပန်းဘူး-
အခုတော့------မိတ်ကပ်လိမ်းရာလည်းကိုယ်-အဝတ်အစားလည်းကိုယ်-ဓါတ်ပုံလည်းကိုယ်---
တော်တော်အချိန်တွေယူခဲ့ရပါတယ်-
ဓါတ်ပုံရိုက်ပြီးတော့ကူးဆေးပြီးနောက်စိတ်ကြိုက်ပုံကိုရွေးပြီးပြိုင်ပွဲဝင်ဖို့အတွက်ပုံကြီးချဲ့ ရပါတယ်။
ပုံကြီးချဲ့ပြီးသားဓါတ်ပုံကိုပြိုင်ပွဲဝင်ရန်အတွက်ဂျပန်ကိုစာတိုက်ကနေပို့လိုက်ပါတယ်-
နောက်တလလောက်အချိန်ကြာတော့-----
ဆုရတယ်လို့ ဂျပန်ကနေ ဦးစိုးဝင်း(ဧရာဝဏ်) ကဖုန်းဆက်တော့ပျော်လိုက်တာဗျာ-
ဘယ်လိုအပျော်မှန်းမသိခဲ့ဘူး
အခုချိန်အထိလည်းအပျော်တွေကတော့ရင်ထဲမှာစွဲညိနေပြီးမကုန်သေးဘူး-ပျော်နေတုံးဘဲ-
ကျိုးစားခဲ့ခြင်းရဲ့ရလဒ်ပေါ့နော်-
(ရွှေရိုးအဖေနဲ့အမေ-ရွှေရိုးတို့မောင်နှမ-ဓါတ်ပုံရိုက်ယူစဉ်ကအကူအညီပေးခဲ့သော ရွှေရိုးအမေရဲ့မိတ်ဆွေအားလုံးကိုကျေးဇူးအထူး
တင်ပါတယ်လို----ဒီနေရာကနေပြီးထပ်ဆင့်ပြောလိုက်ပါတယ်ခင်ဗျာ-)

ရွှေရိုးတို့ မောင်နှမ

ကလေးတွေကိုဓါတ်ပုံရိုက်ယူရာတွင်ဓါတ်ပုံရိုက်ယူသူဓါတ်ပုံဆရာမှစိတ်ရှည်ရှည်ထားရပါမည်။ရွှေရိုးတိုမောင်နှဓါတ်ပုံရိုက်ယူတုံးက
တော်တော်ကလေးခက်ခက်ခဲခဲရိုက်ယူခဲ့ရပါသည်။ကလေးနှစ်ယောက်ကိုတပြိုင်ထဲရိုက်ယူတာဖြစ်တဲ့အတွက်ကလေးငယ်
နှစ်ယောက်စလုံးရဲ့ မျက်လုံးများကင်မရာကိုကြည့်စေရန်အတွက်အထူးဂရုစိုက်ရပါသည်။
မိဘများကလေးနဲ့ခင်မင်သူများကိုမိမိနောက်ကျောတွင်နေခိုင်းလိုက်ပါ။
အဲဒါဆိုအရိုက်ခံရသူကလေးငယ်များသည်ကင်မရာကိုကြည့်သလိုဖြစ်သွားပါလိမ့်မယ်။
(တဦးတည်းဘဲကလေးငယ်ကိုဘယ်လိုလုပ်ပါဆိုတာပြောတာကပိုပြီးကောင်းပါသည်။
လူများပါကကလေးကဘာလုပ်ရမည်ကိုမသိသလိုဘယ်လိုပုံစံထားရမည်ကိုမသိအောင်ဖြစ်သွားပြီးစိတ်များသွားတတ်ပါသည်။)
အထူးဂရုစိုက်ပါရန်-
သူတိုလုပ်ချင်တဲ့ပုံစံကလေးတွေကိုအရင်ဆုံးစိတ်ကျေနပ်အောင်အရင်ရိုက်ယူရပါသည်။
(မိမိနှင့်ဓါတ်ပုံအရိုက်ခံသူကလေးငယ်များနှင့်ရင်းနှီးမှု့ ပထမရယူပါ။)
တဖြေးဖြေးမိမိနှင့်ရင်းနှီးလာပါမှမိမိစိတ်ကြိုက်ကိုကလေးငယ်ကလုပ်ပေးမည်ဖြစ်ပါသည်။တချို့ ဆိုကင်မရာကိုင်လိုက်မှငိုသွား
တာမျိုးတွေကြုံ့ တွေ့ ခဲ့ဘူးပါသည်။အဲသလိုမျိုးငိုသွားပါကပိုပြီးစိတ်ရှည်ရှည်ထားရပါမည်။ယနေ့ မရိုက်နိုင်ပါကရိုက်ရက်ရွေ့ 
လိုက်ပါ။အဲဒါဆိုကလေးကစိတ်ကြည်ကြည်နဲ့ ပိုပြီးဓါတ်ပုံရိုက်ယူလို့ ကောင်းသွားပါသည်။
ရွှေရိုးတို့မောင်နှမကိုရိုက်ယူတုံးကမိုးရွာထားစအချိန်ဖြစ်တာကြောင့်သရုပ်ဆောင်ရင်းချော်လဲသွားမှာလည်းအထူးဂရုစိုက်ခဲ့ရသည်။
ကလေးငယ်မောင်ရွှေရိုးကလေးကအရမ်းငယ်အရမ်းဆော့တာကြောင့်ဖလင်တော်တော်ကလေးကုန်အောင်ရိုက်ယူခဲ့ပါသည်။
ကျောက်ပြားပေါ်တွင်ရေတွေတင်နေတော့ကလေးငယ်တို့ သဘောကျရေဆော့ချင်တာနဲ့ အကြိုက်တွေ့ နေပါသည်။
ရွှေရိုးတို့ မောင်နှမ ကိုရိုက်တုံးကသူတို့ ရဲ့ ချစ်စရာပုံကလေးတွေကိုယခုတင်ပေးလိုက်ပါသည်။မျက်လုံးများကိုအထူးဂရု့ စိုက်
လေ့လာပါရန်။မောင်ရွှေရိုးကလေးသူကအရင်ထီးကိုင်ပြီးရိုက်ချင်သောကြောင့်သူ့စိတ်ကြိုက်အရင်ရိုက်ခဲ့ပါသည်။
တကယ်တန်းလည်းရွှေရိုးကထီးကိုင်ရသည်သာ-
ဒါပေမဲ့သူထီးကိုင်လိုက်ရင်ရွှေမိကိုထီးကကွယ်ကွယ်သွားတာကြောင့်ဓါတ်ပုံကောင်းများမရခဲ့ပါ။
ထီးကမကွယ်တော့လည်းသူ့မျက်လုံးများကကင်မရာကိုမကြည့်နေပါ။
ရွှေမိ(အမလုပ်သူကလည်း)သူ့ခြေထောက်ကိုရေလာလာစင်တာကြောင့်မကျေနပ်-
နောက်တော့ဖျာတချပ်ကိုရေတင်နေသောနေရာကိုခင်းပေးလိုက်ရပါသည်။(ဒီတော့မှမောင်ရွှေရိုးလည်းဒန့်စ်မကတော့ပါ)
မောင်ရွှေရိုးကဒန့်စ်ကတော့ခဏခဏပုဆိုးဝတ်ပေးခဲ့ပါသည်။ပုဆိုးကျွတ်သွားတော့သူကရှက်တတ်ပါသေးသည်။
ကလေးငယ်တွေရဲ့အသက်မှာရိုက်ကူးစဉ်အခါကရွှေမိက၆နှစ်နဲ့ရွှေရိုးက၄နှစ်ကလေးငယ်ကလေးများဖြစ်ကြပါသည်။
ယခုပြထားသောဓါတ်ပုံများသည်ဖလင်မှစကင်ဖတ်ပြီးတင်ပြထားသောကြောင့်အမှုံအမှိုက်များရှိနေပါသည်။မူယင်းပုံများကို
ကြည့်စေချင်သောကြောင့် ပိုတိုရှော့နှင့်မပြုပြင်ဘဲတင်ပြလိုက်ခြင်းဖြစ်ပါသည်။

Wednesday, July 29, 2009

ဧရာဝဏ်မဂ္ဂဇင်း(ဂျပန်နိုင်ငံ)တွင်ဒုတိယဆုရဓါတ်ပုံ

ဒီပုံကလေးကတော့ဂျပန်နိုင်ငံမှာထုတ်ဝေပြီး ဧရာဝဏ်မဂ္ဂဇင်းကပြု့ လုပ်တဲ့ ဓါတ်ပုံပြိုင်ပွဲတွင် ဆု(ဒုတိယ)ရရှိသောပုံ
ဖြစ်ပါသည်။ နိုင်ငံတကာမှဝါသနာရှင်ဓါတ်ပုံပညာရှင်များပြိုင်ပွဲဝင်ခဲ့ ကြပါသည်။ 2002 February လကပါ။
ရိုးရိုးဖလင်နဲ့ ရိုက်ယူခဲ့ ပါသည်။ ပုသိမ်ထီးဆောင်းထားပေမဲ့ တကယ့်အပြင်မှာတော့မိုးရွာပြီးကာစအချိန်ဖြစ်ပါသည်။
စက๎ာပူနိုင်ငံရှိ တိုပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းမှာရိုက်ယူထားပါသည်။ ဓါတ်ပုံအမည်ကို ရွှေရိုးတို့ မောင်နှမ လို့ 
အမည်ပေးထားပါသည်။

Tuesday, July 28, 2009

ပြတ်သားရန်အထူးဂရုစိုက်ပါ

ဓါတ်ပုံအရိုက်ခံသူ သမီးငယ်ကလေး ကအနေအထားကောင်းကောင်းမွန်မွန်ပေးပါရက်နဲ့ ရိုက်ယူသူကဂရုတစိုက်မရိုက်ခဲ့ ပါက
ဓါတ်ပုံကောင်းတပုံဖြစ်မလာနိုင်ပါ။အခု သမီးငယ်ကလေးဓါတ်ပုံကိုကြည့်ပါကအရမ်းကောင်းသောဓါတ်ပုံတပုံလို့ မှတ်ယူလို့ 
ရပါသည်။နောက်ခံတိမ်ကလေးတွေပြာနေတာ-အလင်းရောင်ကလေးက သမီးငယ်ကလေးပေါ်ကျနေတဲ့အနေအထားအားလုံး
ဟာကောင်းတယ်လို့ မှတ်ယူလို့ ရပါတယ်။ဒါပေမဲ့ သေသေခြာခြာစစ်ဆေးကြည့်ပါက ရိုက်ကူးခဲ့စဉ်အချိန်အခါက (Focus)ကိုသေသေခြာခြာမချိန်ခဲ့ တဲ့ အတွက်ပုံမှာဝါးနေတာကိုတွေ့ မြင်ရမည်ဖြစ်ပါသည်။
ပုံကြီးချဲ့ ကြည့်ကပိုမိုထင်ရှားစွာတွေ့ မြင်ရမည်ဖြစ်ပါသည်။
ဒီဓါတ်ပုံကလေးကိုဆလိုက်ဖလင်နှင့်ရိုက်ယူခဲ့ ပါသည်။

Monday, July 27, 2009

အင်ဒိုနီးရှားကလေးငယ်ကိုဓါတ်ပုံရိုက်ခဲ့ စဉ်အခါက




အင်ဒိုနီးရှားကလေးငယ်-ကလေးကရေခွက်နဲ့ ရေခံနေပုံကို ပြင်ဆင်ပြီးရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဂျစ်တူးတတ်သလောက်
မှတ်မိသလောက်ရိုက်ကူးပုံကိုရေးဆွဲတင်ပြထားခြင်းဖြစ်ပါသည်။ရေကျနေသောပိုက်လုံးကိုဓါတ်ပုံထဲတွင်မပေါ်အောင်သတိပြု
ရပါမည်။(အခုခေတ်ကတော့ပိုတိုရှော့)ဖြင့်ဖျက်ပြစ်နိုင်ပါသည်။အနက်ရောင်ပိတ်စအကြီးကြီးကိုရေစွတ်ပြီးတိုင်နှစ်တိုင်တွင်
တင်းနေအောင်ချည်ပါသည်။
(ပိတ်စကိုဘာ့ကြောင့်ရေစွတ်တာလည်းလို့ဆရာကမရှင်းပြလို့ ဂျစ်တူးကမေးကြည့်ပါသည်ပိတ်စကိုရေစွတ်ရခြင်းသည်
ဓါတ်ပုံထဲတွင်အနက်ရောင်ပိတ်စမှနေရောင်ကြောင့်အလင်းမပြန်ရန်ဖြစ်သည်လိုရှင်းပြပါသည်။)
ပိတ်စခေါက်ကြောင်းများလည်းပိတ်စကိုရေစွတ်လိုက်သောကြောင့်ပြောက်ပြေသွားကြောင်းလည်းတကြောင်းအပါ
အဝင်ဖြစ်မည်လို့ လက်တွေ့ ရိုက်ကူးခဲ့ သောအတွေ့ အကြုံများအရသိရပါသည်။(နောက်မှသိရခြင်းပါ)
နေ၏အလင်းရောင်ကိုမျက်နှာတွင်၄၅ဒီဂရီနဲ၆၅ဒီဂရီအချိန်ဖြစ်နေသောကြောင့်ပုံသည်အရောင်အသွေးမများပါဘဲနဲ့
ရုပ်လုံးကြွလှပနေသည်ကိုမြင်တွေ့ရမည်ဖြစ်ပါသည်။နောက်ခံအရောင်အမဲစကိုကလေးငယ်အရပ်ထက်တော်တော်
မြင့်မြင့်မှာထားရပါမည်။ရိုက်ယူစဉ်ကတဦးခြင်း၁၀မိနစ်စီရိုက်ခွင့်ရပါသည်။အကြိမ်ပေါင်း၃ကြိမ်ဘဲရိုက်ခွင့်ရှိပါသည်။
ရိုက်သူကျောင်းသားကျောင်းသူရိုက်ယူသူလူများသောကြောင့်ကလေးငယ်အအေးပတ်မှာလည်းအထူးဂရုစိုက်ရခြင်း
ကြောင့်ဖြစ်ပါသည်။
ပိုက်ဆံပေါသောဓါတ်ပုံဆရာများဖြစ်ကြသောကြောင့်ဖလင်(ဆလိုက်ဖလင်)တော်တော်များများအကုန်ခံပြီးရိုက်
ယူကြပါသည်။အဲဒီလိုပိုက်ဆံဖြုန်းနိုင်သောကျောင်းသားကျောင်းသူများအထဲတွင်ဂျစ်တူးမပါဝင်ပါ။
ဒါကြောင့်မိမိအလှည့်ရိုက်ယူခွင့်ရသည်အချိန်များတွင်အထူးဂရုတစိုက်ရိုက်ယူခဲ့ပါသည်။
ဂျစ်တူးကိုင်သောကင်မရာသည်CANON AE1 ကလေးဖြစ်ပါသည်။
မိမိအလှည့်သို့ ရိုက်ယူချိန်ရောက်သောအခါဓါတ်ပုံအရိုက်ခံသူကိုမိမိစိတ်ကြိုက်အနေအထားနေခိုင်းလို့ ရပါသည်။
(မည်သူမဆိုမိမိစိတ်ကြိုက်ဓါတ်ပုံအရိုက်ခံသူကိုအနေအထားအမျိုးမျိုးထားခိုင်းနိုင်ပါသည်။)
ဓါတ်ပုံအရိုက်ခံသူကလေးငယ်ကိုရေကျနေသောပိုက်တည့်တည့်တွင်ရေခွက်ကိုမထားခိုင်းဘဲရေခွက်နှုတ်ခမ်း
အနားကလေးပေါ်သို့ ရေပိုက်မှရေကိုကျစေခဲ့ပါသည်။(ရေပွားကလေးများ-များများလိုချင်လို့ ဖြစ်ပါသည်။)
ကလေးငယ်ကလေးတဦးတည်းကို-ဂျစ်တူးအဲဒီတုံးကဆလိုက်ဖလင်တလိပ်တောင်ကုန်အောင်မရိုက်ခဲ့ပါဘူး။နောက်ထပ်ရိုက်စရာ
တွေရှိနေသေးတော့ဖလင်ချွေတာလည်းဖြစ်ပါသည်။အဲဒီရိုက်နေတဲ့အချိန်တုံးကယခုလိုဆုရလိမ့်မယ်လို့ မထင်မြင်ခဲ့ပါဘူး။
အားလုံးက-ကင်မရာအကောင်းစားတွေကိုင်ပြီးဖလင်တော်တော်များများကုန်ခံရိုက်နေကြသောကြောင့်စိတ်အားငယ်မိတာအမှန်ပါ။
ရိုက်ယူနေစဉ်မှားလို့ ကတော့ပြင်လို့ မရတဲ့ ဖလင်တွေဖြစ်တာကြောင့်အထူးဂရုစိုက်ရိုက်ယူခြင်းရလဒ်လို့ ခံယူမိပါသည်။

Friday, July 24, 2009

PSS တွင်ပထမဆုရထားသော ဒစ်ဂျစ်တယ်ဓါတ်ပုံ

















မာလိုင်းယွန်း (Merlion)ကို
စက๎ာပူကိုရောက်ဖူးသူတိုင်းသိကြပါသည်။
ရောက်ဖူးသူတိုင်းလည်းသူနဲ့ 
အတူတူဓါတ်ပုံကိုတွဲရိုက်ဖြစ်အောင်
ရိုက်ကြပါသည်။အခုရိုက်ထားတဲ့ 
ပုံကလေးကတော့ PSS မှာ
ဆုရထားတဲ့ပုံကလေးလည်း
ဖြစ်ပါတယ်။ အလင်းရောင်
၄၅ ဒီဂရီနဲ့၆၅ ဒီဂရီလောက်
မနက်ခင်းပိုင်းမှာရိုက်ထားပါတယ်။
exposure/1600 F/3.5
ခြင်္သေ့ ကြီးပေါ်မှာကျရောက်နေ
တဲ့အလင်းရောင်နဲ့နောက်ခံတိမ်ကလေးတွေပြာနေအောင်ရိုက်ထားပါသည်။ တခါတလေဆုရသည့်ဓါတ်ပုံများသည်ရသီဥတုနဲ့ ဆိုင်
ပါသည်။ မိုးရွာပြီးနောက်ရက်များနှင့်မိုးရွာရွာပြီးခြင်းနေထွက်လာပါကတိမ်တောင်တိမ်လိပ်များသည်အလိပ်အလိပ်နဲ့ လှပလာစမြဲ
ဖြစ်ပါသည်။ အဲဒီလိုရာသီဥတုမျိုးကိုစင်္ကာပူတွင်အမြဲတမ်းမရနိုင်ပေမဲ့ဂျစ်တူးတို့မုံရွာမြို့ မှာတော့ဆောင်းရာသီနဲ့မိုးရာသီများတွင်
ရနိုင်ပါသည်။စင်္ကာပူမှဓါတ်ပုံဆရာများမြန်မာပြည်အထက်ပိုင်းကိုတကူးတကသွားရောက်ဓါတ်ပုံရိုက်ကြခြင်းသည်သူတို့နိုင်ငံတွင်
မရနိုင်သောရာသီဥတုကိုသဘောကျခြင်းသည်တကြောင်းအပါအဝင်ဖြစ်ပါသည်။
(သူ့နိုင်ငံကတောတောင်ရေမြေသဘာဝဘာမှရိုက်စရာမရှိပါ။)

PSS = The Photographic Society of Singapore

Thursday, July 23, 2009

ပြူတင်းပေါက်အလင်းရောင်အောက်ကသစ်သီးများ

















ပြူတင်းပေါက်အလင်းရောင်အောက်မှာ
(အခန်းတွင်းအလင်းရောင်)နှင့်ရိုက်ကူး
ထားသောပုံဖြစ်ပါသည်။ မိမိနေ့ စဉ်
စားသောက်နေသောအသီးအရွက်များ
ကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်
ယူနိုင်ပါသည်။အသီးများကိုအမျိုးမျိုး
နေရာထားပြီးရိုက်ယူသင့်ပါသည်။
မိမိရိုက်ယူထားသောပုံများထဲမှ-
မိမိစိတ်ကြိုက်ကိုရွေးချယ်ယူပါ။
ပုံတွင်အသီးများမှာတင်ရှိနေသော
ရေစက်ကလေးများကိုပြတ်သား
အောင်ရိုက်ယူထားသောကြောင့်
ရှေ့ဘက်ကျနေသောအသီး
ကလေးများမှာဝါးနေတာကိုတွေ့ မြင်ရမှာဖြစ်ပါသည်။နောက်ခံအရောင်ကို-မိမိစိတ်ကြိုက်ရွေးချယ်ရိုက်ယူပါ-

၁၂း ဝဝ နာရိနဲ့ ၃း ဝဝ အချိန်တွင်နေရောင်အောက်ကပန်းကလေး



၁၂း ဝဝ နဲ့ ၃း ဝဝ (ညနေပိုင်း)တွင်ရိုက်ကူးသောဓါတ်ပုံများသည်
စိတ်ကြိုက်ဓါတ်ပုံများမရရှိနိုင်ပါ-
ထို့ ကြောင့်ဓါတ်ပုံဆရာအများစုသည် ထိုအချိန်ပိုင်းများတွင်နေရောင်
အောက်တွင်ဓါတ်ပုံရိုက်ခြင်းကိုရှောင်ကြပါသည်။
ပုံတွင်မြင်ရသည့်အတိုင်းပန်းကလေး၏အပေါ်ပိုင်းအရိပ်ကျနေသောနေရာ
တွင်ပန်းကလေး၏အရောင်မှန်ကိုတွေ့ မြင်နိုင်ပြီးပန်းကလေးပေါ်တွင်
နေရောင်တိုက်ရိုက်ကျရောက်သောအပိုင်းသည်ပန်းပွင့်အရောင်မှာ
လုံးဝမရှိဘဲဖြူဖွေးနေသည်ကိုတွေ့ မြင်ရပါသည်။ထို့ ကြောင့်
နေရောင်တည့်တည်တွင်ဓါတ်ပုံများရိုက်ခြင်းကိုအထူးရှောင်သင့်
ပါသည်။ လူများကိုယခုကဲ့ သို့ နေရောင်အောင်တွင်ရိုက်ကူးပါက
လူများရှိမျက်တောင်အရိပ်များသည်မျက်တွင်းအတွင်းတွင်ကျရောက်
နေခြင်းကြောင့်မျက်မှန်မတပ်ဘဲမျက်မှန်တပ်ထားသလိုမှောင်မဲ
နေသောအရိပ်များကိုတွေ့ ရပြီးမျက်လုံးအလှများမမြင်တွေ့ ရ
တော့ပေ။ အထူးရှောင်သင့်ပါသည်။ ပုံတွင်ပြထားသောပန်းကလေး
ကို နေ့ လည် ၁း ဝ၅ မိနစ်တွင်ရိုက်ကူးထားပါသည်။
၄၅ ဒီဂရီနှင့် ၆၅ ဒီဂရီတွင်ရိုက်ကူးထားသောပန်းပုံကလေးများနှင့်
နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

Wednesday, July 22, 2009

ကြာပန်းကလေး(ဆုရဓါတ်ပုံ)singapore



ကြာပန်းကလေးကို color Slide film နဲ့ ရိုက်ကူးထားတာပါ-
စက๎ပူကျောင်း တွင်းပြိုင်ပွဲမှာပထမဆုရရှိထားတဲ့ပုံဖြစ်ပါတယ်-
Color Positive Film -ကာလာပေါ့စတစ်၊ကာလာဆလိုက်
ဖလင်ဟုခေါ်သည်။ယင်းဖလင်သည်ရိုက်ပြီးနောက်ဖလင်ဆေးပြီးသည်
နှင့် ရောင်စုံပေါ့စတစ်(ပုံရိုက်စဉ်ကမူလရှိသောအရောင်)အတိုင်း
ရနိုင်ပါသည်။( Mount တပ်ပြီး Slide Viewer (or)
Slide Projector နှင့်ကြည့် လျှင်ရသည်။မဂ္ဂဇင်း-ပြက္ခဒိန်-
ကြော်ငြာ-စသည့်ရောင်စုံပုံနှိပ်လုပ်ငန်းများတွင်သုံးသည်။
(ယခုခေတ်တော့ဈေးသက်သာသည့် ဒစ်ဂျစ်တယ်ကင်မရာများ)
နှင့်ရိုက်ထားတာကိုဘဲအသုံးများသည်။Color Slide ကို
Day Light နှင့် Tungsten Type စသည်ဖြင့်
၂ မျိုးရှိသည်။ပုံတွင်မြင်ရသောကြာပန်းကလေးရဲ့ အရိပ်ကို
ရေပြင်ပေါ်မှာတွေ့ ရသည်ကိုအထူးလေ့ လာပါ---
ပိုတိုရှော့နဲ့ ပြုပြင်ထားသောပုံများကဲ့သို့ မဟုတ်ဘဲ
သဘာဝအတိုင်းလှပနေတာကိုတွေ့ မြင်ရမည်ဖြစ်သည်။

နေရောင်အောက်ကအဖြူရောင်ဒေလီယာ




နေရောင်အောက်မှာရှိတဲ့အဖြူရောင်ပန်းကလေးကို
အနုစိတ်ရအောင်ရိုက်ကူးရာမှာဒီပြင်အရောင်ရှိ
ပန်းတွေလိုရိုက်ရာမှာမလွယ်ကူပါဘူး-
အက်ီၤအျဖဴဝတ္ထားတဲ ့သူ-
အဖြုရောင်ပုဂံပြားပေါ်ရှိကြက်ဥကြော်-
အဖြုရောင်ဝတ်ထားတဲ့ သူနောက်ခံ
အဖြုရောင်မှာအနုစိတ်ရအောင်
ရိုက်ဖို့ ဆိုတာ မှန်ဘီလူးတံခါး(aperture)
အလင်းပေးမှု့ (exposure)အလွန်
အရေးကြီးပါတယ်-

အလင်းလုံလောက်စွာရရှိခြင်းဖြင့် ရိုက်ကူးထားသောသစ်ခွပန်းကလေးများ






Tuesday, July 21, 2009

သစ်ခွပန်းကလေး(၁)




အလင်း ၆၅ ဒီဂရီလောက်မှာသစ်ခွပန်းကလေးကိုထားပါတယ်-
အလင်းလုံလောက်အောင်ရလို့ ပန်းကလေးရဲ့ အကွက်အရောင်
တွေကိုထင်ထင်ရှားရှားတွေ့ မြင်ရမှာဖြစ်ပါတယ်။အလင်းရောင်
ဟာဓါတ်ပုံတပုံအတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာကို
ဓါတ်ပုံတွေကိုနှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါတယ်--

ပန်းခြင်းကလေး(၁)




ပန်းခြင်းကလေး(၁)ကို သစ်ခွပန်းကလေးဝါဝါနဲ့ နှိုင်းယှဉ်ကြည့်နိုင်ရန်ဖြစ်ပါသည်။
အလင်းလုံလောက်စွာရသောဓါတ်ပုံတပုံနှင့်အလင်းလုံလောက်စွာ
မရသောဓါတ်ပုံတပုံကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
ဂျစ်တူးရဲ့ ဆရာလှအောင်လေး(အကို)ကပြောဘူးတယ်-----
(အလင်းမလုံလောက်ဘူးဆိုရင်ဘယ်တော့မှသူဓါတ်ပုံမရိုက်ဘူး)
---တဲ့ မီးအကူအညီနဲ့ ရိုက်လိုက်လို့ ဓါတ်ပုံတပုံထွက်လာပေမဲ့ 
သူ့ စိတ်ကြိုက်ဓါတ်ပုံတပုံမဖြစ်နိုင်ဘူးလို့ --ပြောဘူးပါတယ်။

Monday, July 20, 2009

သစ်ခွပန်းကလေးဝါဝါ




သစ်ခွပန်းကလေးဝါဝါကိုနေ့ ရဲ့ အလင်းရောင်
( Daylight )မှာရိုက်ကူးထားတာပါ။
နောက်ခံ အရောင်ကတော့အမဲရောင်စတစ်ကာကပ်ထားတဲ့ သစ်သား ပြားတချပ်ပါ-
(သယ်ယူရာမှာခက်ခဲပေမဲ့အရမ်းလှပါတယ်)စက္ကူကပ်ပြားလိုတွန့် ကြေခြင်းအလျင်းမရှိပါဘူး-
သဘာဝနေအလင်းရောင်ကို ၄၅ ဒီဂရီအလင်းမှာပန်းပွင့်ကလေးကိုထားပါတယ်-
ပန်းကလေးပေါ်မှာကျရောက်နေတဲ့ နေ ရဲ့ အလင်းတန်းကလေးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်-
သဘဝအလင်းရောင်ကို လူတို့ ဖန်တည်းထားတဲ့ အလင်းရောင်ကမကြီးစိုးနိုင်သေးပါဘူး-
မည်မျှပင် အတွေ့ အကြုံများနေသော ဓါတ်ပုံဆရာဖြစ်နေပါစေ ထပ်မံလေ့လာသင်ရမည့် 
အလင်းအသစ်တို့ကိုတွေ့ မြင်ရမည်အမှန်အကန်ဖြစ်ပါသည်။ ( Lighting )အလင်း
နှင့်ပတ်သက်လျှင် တိုးတက်နေသောခောတ်မီအတတ်ပညာ နည်းစံနစ်များ
အသစ်တီထွင်ထုတ်လုပ်လိုက်သောကရိယာများသည် နေ့ စဉ်နှင့်အမျှ ထွက်ပေါ်နေခြင်းကြောင့်ဖြစ်သည်။
Lighting သည် Photography တွင်အရေးအပါဆုံးသော ဘာသာရပ်ဖြစ်သည်။

ပန်းခြင်းကလေး



လှအောင်ရိုက်တတ်ဖို့ အရေးကြီးပါတယ်-လှအောင်စိတ်ကူးပါ-စိတ်ကူးထဲကအရာကလေးကိုအကောင်အထည်ဖေါ်ပါ။
ဈေးကြီးပေးဝယ်ပြီးမှလှတာမဟုတ်ပါဘူး-ကိုယ့်ဘေးနားကလေးကအရာကလေးတွေကိုအရင်လေ့ လာပါ-
အလင်းအမှောင်သဘောကိုနားလည်လို့ ရှိရင်ပုံကလေးတွေဟာအသက်ဝင်ပြီးလှနေတာကိုလက်တွေ့ သိမြင်နိုင်ပါတယ်-
အခုရိုက်ထားတဲ့ပန်းခြင်း ကလေးက-အမှောင်ခန်း( in doors ) အခန်းထဲမှာရိုက်ကူးထားသလိုထင်ရပါ့မယ်-တကယ်တန်းကတော့အမှောင်ခန်းထဲမှာရိုက်ကူးထားတာမှန်ပေမဲ့ လူတို့ဖန်တည်းထားတဲ့အမှောင်ခန်းသီးသန့် ခန်းထဲမှာမဟုတ်ပါဘူး-
မိမိတို့ နေ နေတဲ့အိမ်ကလေးထဲမှာအမှောင်ခန်းလုပ်ပြီးရိုက်လို့ ရပါတယ်-အခုပြထားတဲ့ ပန်းခြင်းကလေးကို ဂျစ်တူးနေတဲ့ 
အိမ်ကလေးထဲမှာရိုက်ကူးထားတာပါ-ညဘက်ကိုမီးပေးပြီးရိုက်ထားတာပါ ။ သဘာဝအလင်းရောင်မဟုတ်တဲ့ ဖန်တည်းယူသည့်အလင်း ( Artificaial Light ) နဲ့ ရိုက်ကူးထားတာပါ ။ မိမိလိုချင်တဲ့ အလင်းရောင်ရရှိဖို့ အတွက် အခန်းကနေ့ စဉ်သုံးနေကြမီးလုံးတွေပိတ်ထားဖို့ လိုအပ်ပါတယ်-
များများရိုက်-များများမှတ်-များများလေ့လာလိုက်ရင်----- ဓါတ်ပုံလှလှကလေးတွေ အမြန်ဆုံးဖန်တည်းယူလို့ ရပါတယ်ခင်ဗျာ-

ပန်းခြင်းကလေး







Saturday, July 11, 2009

ညနေခင်းဖီတာကိုအသုံးပြုထားသည်




အပြာရောင်ဖီတာအသုံးပြုထားပုံ


ရှု့ ခင်းသာဓါတ်ပုံများကိုရိုက်ကူးလိုသူများသို့ ------




ရေဖွေးဖွေးထဲကအိမ်ကလေး
မလေးရှားနိုင်ငံရှိ ရေဖွေးဖွေးထဲက ငါးဖမ်းအိမ်ကလေးကို ရိုက်ခဲ့တာပါ
အဲဒီလိုရိုက်ခဲ့တဲ့အချိန်မှာ ဒစ်ဂျစ်တယ်တွေမပေါ်သေးပါဘူး-ဖလင်(Film)ကိုအသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရေဖွေးဖွေးထဲက အိမ်ကလေးကိုရိုက်တုံးကဆလိုက်ဖလင်(Slide Film )ကို အသုံးပြုပြီး ရိုက်ခဲ့တာပါ။
ရိုက်တဲ့အချိန်က ရာသီဥတု သိပ့်မကောင်းပါဘူး-နေကို မှိန်မှိန်ကလေး မြင်ရပါတယ်။
တိမ်သားမိုးကောင်းကင်ကြီးဟာ အဖြူရောင်လွင်ပြင်ကြီးပါ။အဲဒီတော့ ဖီတာ(filter) ကလေးတွေ သုံးပြီး ရိုက်ကူးခဲ့ပါတယ်။
ဖီတာကလေးတွေ အသုံးပြုပုံ ပြုနည်းကိုကျောင်းကတချပ်စီ အသုံးပြုနည်းကိုဘဲ သင်ခဲ့ပါတယ်။
အဲဒါကို----ဂျစ်တူးက ဖီတာ ၂ ချပ်အသုံးပြုပြီး ဓါတ်ပုံရိုက်ယူခဲ့တာပါ။အဲဒီလို ရိုက်ယူခဲ့တဲ့အတွက် ဓါတ်ပုံထဲမှာ
မိုးသားကောင်းကင်ကြီးက ပြာနေပြီး ရေပြင်ကလေးတွေကညနေခင်း အရောင်ကလေး ဖြစ်နေတာပေါ့-
ပိုတိုရှော့ မသုံးထားပါဘူး-

မူရင်းဓါတ်ပုံကောင်းရင်း
ပိုတိုရှော့ဝင်စရာမလိုအောင် ဓါတ်ပုံတပုံဟာ ကောင်းမွန်ကြောင်းကို
လက်တွေ့ သိရှိနိုင်ပါတယ်ခင်ဗျာ-

Friday, July 10, 2009

အချစ်ရှိရာသို့ သွားမည်


အချစ်ဆိုတဲ့ ဘာမှန်းမသိတဲ့စကားလုံးကြီးကို
ဘယ်လိုဖွဲ့ ဆိုကြသလဲတော့မသိဘူး--
ငယ်ငယ်တုံးက နင်ကို ချစ်တယ် -
ချစ်တယ်လို့ ပြောသံကြားကာစက
ရင်ခုန်သလိုလို ကြောက်သလိုလို
မိဘတွေသိသွားရင်အရိုက်ခံရမှာစိုးလို့ 
စိုးရိမ်စိတ်များသလိုလိုနဲ့ ရင်ဆိုင်ခဲ့ရတယ်-

အချစ်ဆိုတဲ့နေရာကိုသွားဖို့ အတွက်တော့
မိုးပျံပူပေါင်းလိုဘာမှမရှိတဲ့နေရာမှာ
ရောက်မှမိုးပျံပူပေါင်းပေါက်သလိုပေါက်
နိုင်တယ်-တဖြေးဖြေးလေလျော့သွားလို့ 
အောက်ကိုဖြေးဖြေးကလေး
ကျချင်တဲ့နေရာမှာကျနိုင်တယ်-

အောက်ကိုကျတော့လည်း
ငြိမ်းချမ်းအေးမြတဲ့ရေပြင်ပေါ်ဖြစ်ဖြစ်
ဆူးခက်တွေများတဲ့ ဆူးပင်ခြုံပင်ပေါ်
ဖြစ်ဖြစ်-ပူလောင်တဲ့ကွင်းပြင်မှာဖြစ်ဖြစ်
ကိုယ်ရွေးချယ်သလိုဖြစ်မလာဘဲနဲ
့ဖြစ်ချင်သလိုဖြစ်သွားနိုင်တယ်-

အချစ်ဆိုတဲ့ လမ်းခရီးကခရောင်းတော -
ဖြစ်ချင်ဖြစ်မယ် -
ဆူးခင်းလမ်း - ဖြစ်ချင်ဖြစ်မယ်-
သာယာဖြောင့်တန်းတဲ့ခရီးဟုတ်ချင်မှ
ဟုတ်မယ်-(မဖြစ်နိုင်ဖို့ များပါတယ်)
အချစ်ဆိုတဲ့ ခရီးကိုအတူတူလျှောက်ရင်းနဲ
့ခြေချော်ပြီးငါလဲသွားခဲ့ရင်ဘယ်သူက ငါ့ ကိုတွဲ
ထူပေးမလဲဟင်-

ငါ့ ကိုတွဲထူပေးမည့်သူကဘယ်သူလဲ
- ဘယ်သူ - ငါနဲ့ အတူတူလိုက်ရဲလဲ-










ပန်းကလေးပေါ်က ပျားကလေး


ပန်းပေါ်မှာပျားကလေးနားနေတဲ့ပုံရိုက်ကူးခဲ့တုံးကပန်းဝတ်မှုံ
ရှိတဲ့အလည်တည့်တည့်ကိုပြတ်သားအောင်ဖြတ်ထားတယ်-
အချိန်ကြာကြာစောင့်ပြီးပန်းကလေးထဲကဝတ်မှုံကိုလာနားတဲ့
ပျားကလေးကိုအမိအရရိုက်ယူခဲ့တာပါ။
အဲလိုပြောလိုက်ရင်တော့တော်တော်လွယ်ပါတယ်-
တကယ်တမ်းကြတော့အဲလိုပြောသလောက်မလွယ်ပါဘူး
ခင်ဗျာ-ပန်းကလေးကိုပြတ်သားအောင်ဖိုးကပ်စ်(focus)
ကိုဖြတ်ထားပေမဲ့ပန်းကလေးက -
လေတိုက်တိုင်းလှုပ်နေတော့တော်တော်ကြာကြာ
ချိန်ခဲ့ရပါတယ်။နောက်တခုကအိတ်က်စ်ပိုးရှား
(exposure) ကပန်းပေါ်ရော ပျားကောင်ကလေး
အပေါ်မှာရောထားရတာဆိုတော့
တော်တော်သတိထားရပါတယ်။
သုံးချောင်းထောက်(tripod)
မပါလို့ လက်ကိုငြိမ်နိုင်သမျှငြိမ်ငြိမ်ထားခဲ့ ရပါတယ်-
အသက်တောင်အောင့်ပြီးရိုက်ကူးခဲ့ရပါသည်။
နောက်ဆိုရင်သုံးချောင်းထောက်သည်ယူဖို့ 
မပျင်းတော့ဘူး-ယူသွားမှဖြစ်မည်။(အရမ်းလေးလို့ 
မသည်နိုင်လို့ ဖြစ်ပါသည်။)

Friday, July 3, 2009

စက်ဘီးတိုက်သောထိုနေ့ က




စက်ဘီးနဲ့ ဆိုက်ကား
မတော်တဆတိုက်မိသွားတယ်ဗျာ---။

ဒဏ်ရာပွန်းပဲ့ 
သွေးစွန်းလျှက်
ဝေဒနာပြင်း
ခံရခြင်းကြောင့်
အားတင်းညည်းယုံ
ဆက်ဆက်တုန်သည်
စက်ဘီးတိုက်သော
ထိုနေ့ က---။

ငါ့ဘေးနီးနား
လူသူအများ
ဝဲယာတဘက်
လက်ကိုဆုပ်ကိုင်
တွဲထူပေးသည်
အကြင်နာသခင်
စေတနာရှင်က
ယုယကာ
နှစ်သိမ့် ရှာယင်း
သွေးစသုတ်ကာ
ဆိုရှာသေးသည်-
ဆေးခန်းပြရအောင်----

အော်---
တကယ်ဆိုက
ညီးကာတမ်းတ
ထိုနေ့ ကလျှင်
သခင်ရဲ့ အနမ်း
တွေ့ သည့်ခိုက်မှာ
ငါ့ရဲ့ဝေဒနာ
သက်သာရာရ
ချမ်းသာစွာတည့်---။

သခင်ပေးသော
အနမ်း--တွေကြောင့်
ဗိုလ်အောင်နိုင်
ဆေးခန်းကိုရောက်
ဝေဒနာတွေလည်းပျောက်။ ။

ဂျစ်တူး(မုံရွာ)

Thursday, July 2, 2009

ရွှေဗဟိုစည်သံ



ဒီနေ့ တော ----့ရွှေဗဟိုစည်သံမကြားရတဲ့အဝေး-----မှာ-တာဝန်လွယ်ကစစ်ကြောင်းထွက်နေရ---ပြည်တော်မပြန်နိုင်တဲ့မင်းခယောက်ျား----ကိုယ်ရယ်ပါ-ကိုယ်ရယ်ပါ-လို့စပ်ဆိုထားတဲ့စိုင်းထီးဆိုင်သီချင်းကလေးကိုနားထောင်ဖြစ်ခဲ့တယ်---ဒီသီချင်းကလေးကိုနင်ကိုယ်တိုင်ဂစ်တာကလေးတီးပြီးဆိုပြခဲ့ဘူးတယ်နော်---
လွမ်းလိုက်တာဟာ--နင့်စီကိုငါဖုန်းဆက်ဖို့ အကြိမ်ကြိမ်ကျိုးစားကြည့်တယ် ဒါပေမဲ့--
နင့်ရဲ့ လက်တွဲဖေါ်နဲ့ နင့်မိသားစုကလေး ငါကြောင့်စိတ်အနှောက်အရှက်ဖြစ်မှာကိုငါမလိုလားဘူး----အဲဒါကြောင့်ဖုန်းဆက်ဖို့ 
အကြိမ်ကြိမ်ကျိုးစားခဲ့တာကလေးအကောင်အထည်မဖေါ်ဖြစ်ခဲ့ဘူး-ငါတကယ်လွမ်းနေတာပါ---
နင်ဟိုတနေ့ က နင်နဲ့ ငါနဲ့ ပြောလို့ ဆိုပြီးငါ့ ကိုရန်လုပ်သွားသေးတယ်နော်---တခါတလေ
နင်နဲ့ ငါနဲ့ ပြောလိုက်ရရင်သိပ့်ပြီးရင်းနှီးသလိုခံစားရတယ်--တကယ်တော့
ငါဟာနင့်ထက်ငယ်ပေမဲ့နင်ကိုငါကသူငယ်ချင်းလို ပေါင်းချင်တာပါ-တကယ်တော့ ရွှေဗဟိုစည်သံ မကြားရတဲ့အဝေးကို
ရောက်နေတာကနင်မဟုတ်ပါဘူး--ငါပါ-