Monday, June 28, 2010

ဂျပန်ဘုရားကြီး-ကာမာကူရာဘုရာုးကီး-၂


ဂျပန်ဘုရားကြီး ကာမာကူရာဘုရာုးကီးဘေးရှိဘယ်ညာတွင်ရပ်တော်မူသောရဟန်းသံဃာတော်များ၏ပုံများဖြစ်ပါသည်။
ရဟန်းသံဃာများ၏ရုပ်ထုများရပ်တော်မူနေပုံများမှာတူနေသော်လည်းလက်တော်များမှာမူအမျိုးမျိုးကွဲပြားစွာ
ထုလုပ်ထားသည်မှာတော်တော်ကလေးစိတ်ဝင်တစားဖြစ်မိပါသည်။
မျက်နှာတော်များမှာလည်းတပါးနှင့်တပါးမတူညီပေ။ သေခြာကြည့်လေကြည်ညိုဖွယ်ကောင်းလေဖြစ်သည်။
အေးချမ်းတည်ငြိမ်နေကြသောရဟန်းမျက်နှာတော်များကိုဖူးမြင်ရမည်ဖြစ်သည်။
သက္လန်းတော်များမှာလည်းအရစ်အရစ်နှင့် သဘာဝကျကျထုဆစ်ထားသည်မှာလက်ယာမြောက်လှပေသည်။











ဤတွင်ဗုဒ္ဓဂါယာဘုရားဖူးခရီးဓါတ်ပုံမှတ်တမ်းများပြီးဆုံးသွားပါပြီခင်ဗျား------
ရေပူစမ်းမှာရေချိုးနေကြသောဇတ်နိမ့်ဇတ်မြင့်တို့ ၏ရေချိုးနေပုံများကိုဓါတ်ပုံများရိုက်ယူခဲ့ သော်လည်းဘုရား
ပုံတော်များနှင့်တွဲမတင်ချင်၍ချန်လှပ်ထားခဲ့ ပါသည်။ တွေ့ သမျှအကုန်ရိုက်ယူခဲ့ သောဓါတ်ပုံပေါင်းများစွာနှင့်
(အဝတ်မပါဂျိန်းဘုန်းတော်ကြီးများပုံ)များကို
ဘုရား၏ဇတ်တော်များနှင့်မဆိုင်၍လည်းမတင်ခဲ့ ခြင်းဖြစ်ပါသည်။ နောက်ပိုင်းအလျင်းသင့်သလိုတင်ပါမည်။
(အဝတ်မပါဂျိန်းဘုန်းတော်ကြီးပုံများမပါ)
အထူးကျေးဇူးတင်လွှာ
ဘုရားအလောင်းတော်မွေးဖွားရာနီပေါနိုင်ငံနေရာမှစပြီးမြတ်စွာဘုရားဖြစ်လာသည့်အထိ နှင့်မြတ်စွာဘုရား
ပရိနိဗ္တိန်စံတဲ့အထိ(သံဝေဇနိယလေးဌာန)အပြင်ကျွန်ုပ်ရောက်ခဲ့ ရိုက်ခဲ့ သောဓါတ်ပုံများကိုစိတ်ရှည်ထားပြီး
လာရောက်ုကည့်ရှု့ ခြင်း-
ဘုရားဖူးခရီးစဉ်တလျောက်တွင်မြတ်စွာဘုရား၏ဖြစ်စဉ်များကိုပြောပြဟောပြပေးခဲ့ သော
ဆရာတော်ုကီးဦးပညာဝရ(ုသစတေးလျနိုင်ငံ)
ဆရာတော်ဦးခေမာသိရိ(မြန်မာနိုင်ငံ)
ဆရာတော်ဦးကုသလ(အိံဍ္ဍိယနိုင်ငံ)
တခြားသံဃာတော်အရှင်မြတ်များ
ဗုဒ္ဌ၏စာအုပ်များ နှင့် အွန်လိုင်းစာပေများ
ငယ်ငယ်ကတည်းကဘုရားဇတ်တော်များကိုပြောပြခဲ့ သောမိခင်ုကီးနှင့်အဖွား
ဆရာလယ်တွင်းသားစောချစ်(ဗုဒ္ဌဂါယာဘုရားဖူးခရီးသွားမှတ်တမ်း)ဆရာတော်ဦးကုသလမှလက်ဆောင်ပေး
အဆိုတော်ဒေါ်မာမာအေး(ကိုယ်တိုင်သီဆိုထားသောဘုရားဇတ်တော်သီချင်းများ)
လာရောက်ုကည့်ရှု့ုကကုန်သောသူငယ်ချင်းမိတ်ဆွေများ-
ကွန်မန့် ရေးပေးခဲ့ုကကုန်သောအရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းဘလော့ဂါများ-
စာလုံးပေါင်းသတ်ပုံများပြင်ပေးခဲ့ သောဆရာဦးမင်းဒင်နှင့် အတူ
သူငယ်ချင်းမိစုနင့်အမည်မသိသူငယ်ချင်းများ-----အာလုံးအားလုံးတို့ နှင့် ကျေးဇူးတင်ထိုက်သူများကို
ဤနေရာမှကျေးဇူးအထူးတင်မိကြောင်းပြောကြားလိုပါသည်ဗျာ-
ကျန်းမာချမ်းသာပြီးလိုရာဆန္ဒတွေပြီးမြောက်ပါစေဗျား - - - - - - -
ရိုသေလေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Sunday, June 27, 2010

ဂျပန်ဘုရားကြီး-ကာမာကူရာဘုရာုးကီး-၁


ဂျပန်ဘုရားကြီးကာမာကူရာသည်ဂါယာတွင်ရှိသည်။ ဂျပန်ပြည်မှာရှိသော ကာမာကူရာဘုရာုးကီး၏ရုပ်ပွား
တော်ဖြစ်သည်။ အလွန်ကြီးမားသောပုလ္လင်ပေါ်တွင်တင်ပုလ္လင်ခွေဆင်းတုတော်ကြီးဖြစ်သည်။ ဘယ်လက်
ပေါ်မှာညာလက်တင်ထားသည်။အမိုးအကာမပါ။ပုလ္လင်ပေါ်မှာထိုင်နေပုံဖြစ်သည်။တင့်တယ်သပ္ပါယ်သော
ဆင်းတုတော်ုကီးဖြစ်သည်။ုကီုးကပ်သောအင်ဂျင်နီယာများနှင့် လုပ်သားများကိုကျေးဇူးအရင်တင်မိပါသည်။
ဒုတိယကျေးဇူးတင်မိသည်ကတော့အလှူရှင်များကိုပေါ့။ ကျနော်၏လေ့ လာမှု့ အားနည်းသည်ေုကာင့်မည်
၍မည်မျှဆိုသောအတိုင်းအတာများကိုတော့မှတ်မလာမိပါခင်ဗျာ-
ဆင်းတုတော်ုကီးအနီးတွင်ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများရှိသည်။ုကီးကျယ်ခန်းနားသောကျောင်းတော်ကြီးများဖြစ်ကြသည်။ ဂျပန်ဘုရားဖူးများကိုလည်းတွေ့ မြင်ရပါသည်။






ဂိစ္ဈကုဋ်တောင်


ဂိစ္ဈကုဋ်တောင်(သတ်ပုံအမှန်ရေးချင်ပေမဲ့ လက်ကွက်ထဲမှာဘယ်လိုမှရှာမတွေ့ ပါခင်ဗျာ-သီးခံပြီးဖတ်ပေးပါ)
ကိုဆေးဆရာဇိဝက ၏ဥယျာဉ်တော်ဘေးမှလမ်းမကြီးအတိုင်းတက်သွားပါကရောက်နိုင်သည်။
ဤနေရာဤလမ်းကလေးသည် (တောင်ပေါ်တက်ရန်လမ်းကလေးသည်)ဗိမ္ထိသာရမင်ုးကီး၏မိဖုရားဝေဒေဟီ
သည်အဇာတသတ်မင်းသားကလေးကိုယ်ဝန်ရှိစဉ်ကအဖသတ်မည့်သားဟုသိသောအခါအနှိပ်သည်နှင့် 
ဖျက်ချရန်ကြိုးစားခဲ့ သောနေရာဟုသိရသည်။
                             တောင်တက်ရန်လမ်းမုကီး(ဆေးဆရာဇိဝကဆေးဥယျာဉ်တော်ဘေးမှလမ်းမကြီး)


               အရင်ပို့ စ်မှာတင်ခဲ့တဲ့ ဆရာဇိဝကဥယျာဉ်တော်ဘေးမှဤလမ်းမကြီးကိုမြင်တွေ့ နိုင်ပါသည်။


မြတ်စွာဘုရားကိုဒေဝဒတ်မင်းယုတ်ကဤနေရာတွင်ကျောက်မောင်းဆင်လှိမ့်ချ၍မြတ်စွာဘုရား၏ ခြေမတော်အားကျောက်စမှန် ၍သွေးခြေဥခဲ့ ၏။


ဘုရားရှင်အားမည်သည့်ရန်သူမျှအန္တရယ်မပြုနိုင်ကြောင်းသက်သေပြသောနေရာဖြစ်သည်။


လမ်းမုကီးအတိုင်းရှေ့ ကိုဆက်၍တောင်ပေါ်သို့ တက်ပါက စေတီနှစ်ဆူရှိသည်။ဘုရင်ဗိမ္ထိသာရမင်းကြီးသည်
ဘုရားကိုဖူးမျှော်ရန် တောင်ပေါ်တက်လာလျှင် ရထားထက်မှဆင်းသောနေရာတွင်စေတီတစ်ဆူရှိ၏။
သံလျက်၊ သရဖူ စသည့်မင်းမြှောက်တန်ဆာများကို ကိုယ်ရံတော်များသို့ ပေးသောနေရာတွင်စေတီတစ်ဆူရှိ
လေသည်။ ဆက်လက်ပြီးသွားပါက အရှင်အာနန္ဒသီတင်းသုံးရာ လိုဏ်ဂူနှင့် မြတ်စွာဘုရား၏ကျောင်းတော်
ရာတို့ ကိုဖူးတွေ့ ရမည်ဖြစ်သည်။
ဂိစ္ဈကုဋ်တောင်၏ဝဲဘက်တွင် ဤတောင်ထက်မြင့်သော ရတနာဂီရိတောင်ရှိသည်။
ထိုရတနာဂီရိတောင်ထိပ်တွင်ဂျပန်နိုင်ငံမှအရှင်ဒီဂျီးတည်ထားသောငြိမ်းချမ်းရေးစေတီရှိသည်။
ယခုအခါထိုစေတီသို့ကောင်းကင်ကြိုးပုခက်များနှင့်တက်လို့ ရသည်။
ခေတ်မီစက်ုကိုးယိံ္ဇရားများဖြင့် အချိန်တိုတိုအတွင်းမှာတောင်ပေါ်သို့သွားနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်။

ဆေးဆရာုကီး ဇိဝက


ဗိမ္ထိသာရမင်ုးကီး၏အကျဉ်းထောင်မှဆက်သွားသောအခါ ဇိဝက၏ဆေးဥယျာဉ်ကိုရောက်သည်။ ဇိဝကဆေး
ဥယျာဉ်ကို သရက်ဥယျာဉ်ဟုလည်းခေါ်ကြသည်။ွိံယ်မြက်သစ်ပင်ဆေးဘက်ဝင်သည်ဟုလည်းဆိုကြသည်။
သူ့ ဝေဒနာကို အလိုက်သိရန်သာလိုသည်။
ဆေးဆရာဇိဝကသည်ဆေးပညာအတတ်တွင်တစ်ဖက်ကမ်းခတ်တတ်မြောက်သောဒိတာပါမောက္ခဆရာကြီး
ထံသို့ သွားရောက်၍ တပည့်ခံပြီး ဆေးကုသခြင်းအတတ်ပညာကို သင်ုကားခဲ့ သည်။ သူတပါးကဲ့ သို့ 
ဆေးကုခြင်းအတတ်ပညာသင်ုကားခကိုအခေုကားငွေမပေးနိုင်၍ဆရာ့ဝေယျဝစ္စကိုဆောင်ရွက်ပေးပြီး
ပညာသင်ရ၏။ဆရာ၏ချစ်ခင်စွာသင်ကြားပေးမှု့ နှင့် ဇိဝက၏ကျိုးစားသင်ယူမှု့ တို့ေုကာင့် သူများ(၁၆)နှစ်
သင်ယူရသောဆေးပညာကိုဆရာဇိဝကက(၇)နှစ်နှင့်တတ်မြောက်ခဲ့ သည်။
(၇)နှစ်သင်ကြားပေးပြီးသောအခါ ဆရာဇိဝက၏ဆရာုကီးက တူရွင်းတစ်ချောင်းကိုယူစေ၍ မြို့ 
တံခါး(၄) မျက်နှာမှ တစ်ရက်စီထွက်စေပြီး တစ်ယူဇနာအတွင်းမှာ ဆေးဘက်မဝင်သော အပင်ကိုအရှာထွက်
စေ၏။ ဇိဝက ကုကိုးစားရှာဖွေပါသော်လည်း ဆေးဘက်မဝင်သောအပင် တပင်တလေမျှ မတွေ့ ခဲ့ ။
ထိုအေုကာင်းကို ဆရာကိုပြန်ပြောပြသောအခါ ဆရာုကီးကကျေနပ်နှစ်သက်၍ ဆေးကုသခွင့်ပြုလိုက်လေ
တော့သည်။
                                                              ဆေးဆရာုကီးဇိဝက၏ ဆေးဥယျာဉ်


                                                            ဥယျာဉ်အဝင်ဝရှိဆိုင်းဘုတ်


ဤနေရာတွင်ဆေးဆရာကြီးဇိဝကသည် မြတ်စွာဘုရားရှင်၏ ကျန်းမာရေးကိုကုသစောင့်ရှောက်ပေးခဲ့ သော
နေရာဖြစ်သည်။ ဆရာဇိဝက ကကျောင်းဆောက်၍မြတ်စွာဘုရားကိုသီတင်းသုံးစေခဲ့ သည်။
ဖခင်ဗိမ္ထိသာရမင်ုးကီးကိုသတ်မိပြီး ဆောက်တည်ရာမရပူလောင်ခြင်း-ဆင်းရဲခြင်းကိုခံစားနေရသော -
အဇာတသတ်မင်းကို ဆရာဇိဝက ကလမ်းညွန်ပြမှု့ေုကာင့် တန်ဆောင်မုန်းလပြည့် ညတွင် ဆရာဇိဝက နှင့်
အတူ အဇာတသတ်မင်းသည် ဘုရားကိုဖူးမျှော်ရန်ရောက်ရှိလာသောနေရာဖြစ်သည်ဟုယူဆကြသည်။

Saturday, June 26, 2010

ဗိမ္ထိသာရမင်ုးကီး၏အကျဉ်းထောင်


ယခုအခါဂျပန်နိုင်ငံမှ ဗုဒ္ဌဘာသာတို့ က ကျောက်အုတ်များဖြင့်  ကာရံပြီးဗိမ္မိသာရ၏အကျဉ်းထောင်နေရာကိုကိုပြုပြင်စောင့်ရှောက်ထားကြလေသည်။ လေးစားဦးညွတ်ပါ၏။
တည်ငြိမ်အေး ( http://sosegado1.blogspot.com/ ) တို့ ပိုပြီးသိမည်ထင်ပါသည်။
သားကိုချစ်သောဖခင်ကောင်းအဖြစ်ဗိမ္မိသာရမင်းကြီးကိုလေးစားကြည်ညို၍အထိမ်းအမှတ်ပြုကြခြင်းဖြစ်သည်။
                      ထိုအကျဉ်းထောင်မှနေ၍ အပေါ်သို့ လှမ်းမျှော်ကြည့် လိုက်လျှင် ဘုရား၏ကျောင်းတော်ကို
လှမ်းပြီးဖူးမျှော်ရပါသည်။

                                                                   ဗိမ္ထိသာရမင်ုးကီး၏အကျဉ်းထောင်


                                                                  အကျဉ်းထောင်ရှေ့ ရှိဆိုင်းဘုတ်


                   အကျဉ်းထောင်နေရာမှလှမ်းမျှော်ကြည့်လိုက်လျှင် ဇိစ္တျကုဋ်တောင်ပေါ်ကိုလှမ်းမြင်နေရသည်။


ဇိစ္တျကုဋ်တောင်ပေါ်ရှိ ဘုရား၏ ကျောင်းတော်ရာစေတီဖြူဖြူဖွေးဖွေးကလေးကိုလှမ်းမျှော်ဖူးတွေ့ နိုင်သလို-
တောင်ပေါ်မှနေ၍လည်းတောင်အောက်ကိုကြည့်လိုက်ပါက  ဤအကျဉ်းထောင်ကိုမြင်ရသည်ဟုသိရပါသည်။

အဇာတသတ်မင်း(သို့ ) ကတိတည်သောမင်း


                                                           ဘုရားကိုအလွန်ကြည်ညိုသောဗိမ္ခိသာရမင်းကြီးနှင့်ဝေဒေဟီမိဘုရားကြီး
( ကောသလမင်ုးကီး၏နှမတော် )တို့ မှမွေးဖွားသန့် စင်ခဲ့ သောသားရတနာ အဇာတသတ်မင်းဖြစ်သည်။
မိဖုရာုးကီးတွင် သေိံ္ဌသားရသောအခါ မိဖုရာုးကီးသည် ဗိမ္ထိသာရမင်ုးကီး၏ လက်မောင်းသွေးကို
ဖေါက်၍သောက်ချင်သောဆန္ဒ ပြင်းစွာဖြစ်၏။ ဘုရင်ကို မလျှောက်တင်ဝံ့ သောေုကာင့် ညှိုးနွမ်းလျက်ရှိ၏။
ဘုရင်ကမေးမြန်း၍ အကျိုးအကြောင်းသိရသော် ချက်ချင်းပင်သံလျက်ကိုယူပြီးကိုယ်တိုင်ပင်သံလျက်ဖြင့်  လက်မောင်းသွေးကိုဖေါက်၍မိဖုရားကြီးကိုသောက်စေတော်မူ၏။
မိဖုရာုးကီး ချင်ခြင်းအာသာကို ပြေပျောက်စေ၏။
(မိဖုရားကိုချစ်တဲ့ စိတ်-မမြင်ရသေးသောရင်သွေးငယ်ကိုချစ်တဲ့ စိတ်တွေကတော့စံတင်လောက်ပါပေ၏ ။ )ပညာရှိအမတ်တို့ က မိဖုရားဝမ်းတွင်းတွင်ကိန်းနေသောသန္ဓေသားသည်မင်းကြီးအားသတ်မည့်သား
ဟု့ နိမိတ်ဖတ်ုကသည်။ ဝေဒေဟီမိဖုရာုးကီးသည် အဖသတ်မည့်သားကို မမွေးလို၍ ကိုယ်ဝန်ကိုဖျက်ချသော်
လည်း မပျက်ခဲ့ ။ အမျိုးမျိုးအကြိမ်ကြိမ်ကျိုးစား၏-မပျက်။
ဘုရင်ုကီးသိလေသော်-သူ့အသက်ကိုသတ်လိုလျှင်လည်းသတ်ပါစေ။ မဖျက်ပါလင့် - သား၏မျက်နှာကိုမြင်လိုပါသည်ဟုဆို၏။
( ဒီနေရာမှာ မာမာအေးသီချင်းကလေး-ဗိမ္ထိသာရ-ချစ်ရတဲ့ဘုရင်ကြီးခမြှာ - - ) ကိုအရမ်းသတိရသွားပါသည်။
ဖွားမြင်ပြီးသော် မင်ုးကီးသည်သားငယ်ကိုကည့်ပြီးပီတိဖြစ်၏။ ဖခင်မေတ္ဇာဖြင့်ုကင်နာစွာစောင့်ရှောက်၏။
သားတော်ငယ်စဉ်ကလက်မမှာခူနာပေါက်၍ကလေးငယ်မှာငိုကျွေး၏။   သားတော်ကလေးမှာ-ဆောက်တည်ရာမရပြည်ကိုက်ဝေဒနာခံရသောအခါအနာသက်သာအောင်လက်မကိုအာခံတွင်းဖြင့်
ဖခင်ုကီးကငုံထားပေး၏။
( ယခုခေတ်တချို့ သော- ဖခင်တွေ-ညညတွေမှာကလေးငိုရင် မိန်းမကိုရန်လုပ်သောဖခင်မျိုးမဟုတ်ပေ။)
သားတော်ကလေးမှာဖခင်မင်းကြီးကလက်ကလေးကိုငုံထား၍ဝေဒနာသက်သာပြီး အိပ်ပျော်သွားလေသည်။
ထိုသို့ အိပ်ပျော်နေစဉ်သားတော်ကလေးလက်မှခူနာသည်ပြည်ပေါက်သွားလေသည်။ ပြည်ပုတ်များကိုပါးစပ်
ဟ၍ထွေးထုတ်ပြစ်လျှင်သားတော်ကလေးအိပ်ယာမှနိုးသွားမည်စိုးသောကြောင့် မထွေးရက်ဘဲသွေးပြည်ပုတ်
တို့ ကို အာခံတွင်းအတွင်းမှာမြိုချပြစ်လိုက်လေသည်။
ထိုသားတော်ကလေးသည်အရွယ်ရောက်လာသောအခါ အဇာတသတ် အမည်တွင်၏။
ဘုရားကိုအမြဲတမ်းပြိုင်ပြီးသူကသာအနိုင်ရလိုသောဒေဝဒတ်အမိုက်နှင့်အပေါင်းအသင်းဖြစ်ကြသည်။
ဒေဝဒတ်သည် အဇာတသတ်မင်းသားလေးကို ဘုန်းတန်ခိုးအမျိုးမျိုးတို့ ကိုပြပြီး တပည့်တပမ်းအဖြစ်ခံစေ၏။
ဒေဝဒတ်၏ဘုန်းတန်ခိုးတို့ ကိုမြင်တွေ့ ရပြီး အဇာတသတ်မင်းသားကလေးသည်ေုကာက်ရွံ့ ခြင်း။ အံ့ုသ
လေးစားခြင်းများစွာနှင့် ဒေဝဒတ်ကို ဆရာတင်၏။
ဒေဝဒတ်က သူသည် ဘုရားကိုသတ်ပြီး ဘုရားလုပ်မည်။
အဇာတသတ်မင်းက ဖခင်ဘုရင်ုကီးသတ်ပြီး ဘုရင်လုပ်ရန်ပြောသည်။
အဇာတသတ်မင်းက ဖခင်ကိုသတ်ရန်ကျိုးပမ်း၏။ ဗိမ္ထိသာရမင်းသိသောအခါ မင်းသားကိုဖမ်းပြီးစစ်ဆေးရာ
ဒေဝဒတ် အုကံပေးချက်အရ မင်ုးကီးကိုသတ်ရန်ုကံမိေုကာင်းပေါ်ပေါက်သည်။
ဗိမ္ထိသာရမင်ုးကီးကမင်းဖြစ်လို၍နဲ့ တော့ ဖခင်ကိုသတ်ရန်မလို အဇာတသတ် ကိုမင်းအဖြစ်ကိုအပ်တော်မူ
လေသည်။  ဒါကိုပင်ဒေဝဒတ်မင်းကစိတ်တိုင်းမကျဖြစ်နေပေသေးသည်။ ထိုေုကာင့် ဒေဝဒတ်မင်းကအဇာတသတ်မင်းကို -ခမည်းတော်မင်ုးကီးရှိနေသရွေ့ အိံ္ဇရယ်ရှိနေမည်။ ရန်ဆိုသည်မှာ
အဆုံးရောက်အောင်ပြုမှ ငြိမ်းချမ်းစွာနေရမည်ဟုပြောဆို၍ ထီးနန်းစည်းစိမ် လွဲအပ်ပေးသော ဗိမ္ထိသာရမင်း
ုကီးကိုသတ်ရန် အဇာတသတ်ကို သွေးထိုးလှုံ့ ဆော်၏။
                    အဇာတသတ်က ဖခင်ုကီးအား ဓါးဖြင့်ခုတ်ဖြတ် မသတ်ထိုက်သည်မဟုတ်ပါလောဟုပြောသော
အခါ နှောင်အိမ်သွင်းအကျဉ်းထား၍ အာဟာရဖြတ် သတ်သော် သူ့ အလိုလိုသေခြင်းဖြစ်၍ အပြစ်မရှိဟု -
အုကံပြု၏။ အဇာတသတ်သည်ဆရာဒေဝဒတ်စေခိုင်းသည့်အတိုင်း ဖခင်ဘုရင်ုကီးကို ဖမ်းဆီးပြီးနောင်အိမ်အတွင်းသွင်းခဲ့သည်။ မယ်တော်မိဖုရာုးကီးမှတပါးမည်သူမျှ မဝင်မတွေ့ ရ။ အာဟာရပေး
ကျွေးလျင် မင်းပြစ်မင်းဒဏ်ထားရန် အာဏာသားတို့ ကို စောင့်ုကပ်စေ၏။
မိဘုရာုးကီးသည်တင်ုးကပ်သောအစောင့်အရှောက်တွေကြားမှ အစားအစာများကိုအမျိုးမျိုးခိုးကျွေး၏။
ဖခင်ုကီးမှာအစာအဟာရမှီဝဲနေရသောကြောင့်မသေဘဲအသက်ထင်ရှားရှိနေသည်ကိုတွေ့ မြင်ရသောအခါ-
အကျိုးအကြောင်းစုံစမ်းရာ မိခင်ုကီးကအစာအဟာရကိုပေးပို့ နေသောေုကာင့်ဖြစ်သည်ကိုတွေ့ ရှိသွားသည်။ ထို့ေုကာင့်မိခင်ကိုပါ ဖခင်ုကီးထံဝင်တွေ့ ခွင့်ကိုပိတ်ပင်ခဲ့ သည်။
ဗိမ္ထိသာရမင်ုးကီးသည် အနည်းငယ်သော အာဟာရကိုမျှမမှီဝရသော်လည်း ချုပ်နှောင်ထားသောလှောင်အိမ်
နေရာသည် မြတ်စွာဘုရားသီတင်းသုံးတော်မူရ  ဂိဇျွကုတ်တောင်ထက်မှ ကျောင်းနေရာကို လှမ်းမျှော်ဖူး
မျှော်နိုင်သောနေရာဖြစ်၍ စုက္လုကွရင်းဘုရားရှင်ကို ပူဇော်လျက်နေ၏။
အသားအရေတို့ မှာ စိုပြေဝင်းပလျက် ရှေးယခင်ကထက်ပင် သာလွန်တင့်တယ်တော်မူ၏။
                                                 ထိုအေုကာင်းအရာကို အဇာတသတ်မင်းသိလေသော် ဖခင်ကိုလမ်းလျှောက်
ခွင့် စုက္လုကွခွင့်ပိတ်ပင်လေသည်။ လမ်းမလျှောက်နိုင်ရန် ဖခင်၏ ခြေဖဝါးနှစ်ဖက်ကို ဓါတ်ထက်ထက်နှင့်ခွဲ၍
ဆားပက်ကာမီးရဲရဲမှာကင်လေသည်။ ( ပါးကွက်သား-အာဏာသားတို့ သည်မင်းဒဏ်သင့် မှာကြောက်သော
ေုကာင့်သာလုပ်ရပေမည့် မျက်ရည်မဆည်နိုင်အောင် ငိုေုကွးကြသည်။ ဘုရင်ုကီးကို ရှစ်ခိုးတောင်ပန်ပြီး
သား  အဇာတသတ်အာဏာကိုတည်ုကရ၏။ )
ဗိမ္ထိသာရမင်ုးကီးသည် နာကျင်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားရပြီး နတ်ရွာစံကံတော်ကုန်လေတော့သည်။
ထိုသို့ သောတချိန်တည်းမှာပင်
အဇာတသတ်မင်းသားကလေး၏ မိဖုရားမှာသားတော်ကလေးဖွားမြင်လေသည်။ ဖခင်ဘဝကိုရောက်ရှိလာ
သော အဇာတသတ်မင်းမှာ သားတော်ကလေးကို ရိုးတွင်းချင်ဆီစိမ့်အောင် နှစ်သက်ကြည်နူးလွန်းရကား-
ငါ၏ ဖခမည်းတော်သည် ငါ့ ကိုဤသို့ ချစ်မချစ်သိလိုစိတ်ဖြစ်၏။ မယ်တော်အပါးအခစားဝင်ကာမေးလေသည်
ထိုအခါ မိခင်ုကီးက ငယ်စဉ်ကခူနာပေါက်ပြီးပြည်ပုတ်တွေကိုမျိုကာချခဲ့ တဲ့အဖြစ်တွေ ချစ်မြတ်နိုးပုံအလုံးစုံကို
ပြန်လည်ပြောပြလေတော့သည်။ အဇာတသတ်မင်းသည် မိမိအမှားကိုသိမြင်တော်မူ၍ ဖခင်ုကီးကိုအကျဉ်းစံ
ဘဝမှလွတ်မြောက်စေရန်အမိန့် တော်ချပေမဲ့  နောက်ကျခဲ့လေပြီ။
ဖခင်မှာ နတ်ရွာစံကံတော်ကုန်ပြီးဖြစ်ကြောင်း လျှောက်ထားကြလေပြီ။
အဇာတသတ်မင်းသည် နောင်တုကီးစွာရ၍ ပူလောင်ခြင်း-ဆင်းရဲခြင်းတို့ ခံစားရပြီး အိပ်မပျော်စားမဝင်ဖြစ်-
ပြီး စိတ်ဆင်းရဲုကီးစွာ ဖိစီး၍ ဆောက်တည်ရာမရဖြစ်ရလေသည်။
ဤသို့ ဖြစ်ပျက်နေသည်ကို ဆေးဆရာဇီဝကုကားသိသောအခါ သနားကျင်နာခြင်းများစွာဖြင့်အကြံကောင်း
များကိုပေး၏။ ဆရာဇီဝက၏ အုကံပေးမှု့ နှင့် ဘုရားရှင်ထံသို့ ရောက်ပြီးမြတ်စွာဘုရားဟောကြားသော
သာမညဖလသုတ် ဒေသနာကို နာုကားရလေသည်။ ပိတုဃာ တကကံေုကာင့် မဂ်ဥာဏ် ဖိုလ်ဥာဏ် မရနိုင်
ဘဲ သရဏဂုံမြဲသည့်  ဥပသကာအဖြစ်သို့ သာရောက်ရ၏။
အဇာတသတ်မင်းသည် ဆရာမှား၍ မျက်မှောက်သာမက သံသရာအထိ ဒုက္ခုကီးစွာဖြစ်ရသည်။
အပေါင်းအသင်းသည်အရေးကြီးသည်ကိုပိုမိုသိမြင်ရပေသည်။
ထိုသို့ ဖခင်ကိုသတ်သည့်သား ဒေဝဒတ်ရဲ့ အပေါင်းအပါ -အဇာတသတ်မှာကောင်းသောအကျင့်သူ့ မှာရှိနေ
သည်ဆိုခဲ့ ရင် သင်ယုံမည်လော---------
မှန်ပါသည်။ အဇာသတ်မင်ုးကီးအုပ်ချုပ်မင်းလုပ်နေသည့် ရာဇဂြိုလ်မြို့ ထဲတွင် မီးခဏခဏလောင်သည်ကို
ုကားသိရသည်။ ထိုေုကာင့်အမိန့် အသစ်ထုတ်လေတော့သည်။
မည်သည့်အိမ်ကမီးစလောင်လောင်-မြို ပြင်ကိုအထုတ်ခံမည်ဟု့ မိန့် ဆိုခဲ့ သည်။
ထိုအမိန့် ကိုထုတ်ပြီးနောက်ပိုင်းတွင် အဇာတသတ်မင်ုးကီး နေသောနန်းတော်မှမီးစလောင်လေတော့သည်။
ထိုအခါ အဇာတသတ်မင်ုးကီးသည် သူထုတ်ခဲ့ သောအမိန့် အတိုင်းမြို့ ပြင်ကိုထွတ်၍နေလေတော့သည်။
တကယ်ကို ကတိတည်သောမင်းတစ်ပါးဖြစ်လေသည်။
အဇာတသတ်မင်ုးကီး၏နန်းတော်သစ်မှာ ရာဇဂြိုလ်မှာရှိသောမြန်မာဘုန်းတော်ကြီးကျောင်းတည်နေရာ (ရာဇဂြိုလ်မြန်မာကျောင်း) နှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိလေသည်။

                                                                    မြန်မာဘုန်းတော်ကြီးကျောင်း( ရာဇဂြိုလ် )


မြင်ရသောအုပ်တံတိုင်း၏တဖက်တွင်ရှိသောနေရာမှာ အဇာတသတ်မင်း၏နန်းတော်သစ်နေရာဖြစ်သည်။



တစ်ဖက်ကမြင်နေရတဲ့ မြင်ကွင်းက အတားအစီးတွေများနေလို့ ထုံးစံအတိုင်းအုပ်တံတိုင်းပေါ်မှတက်ပြီး
ဓါတ်ပုံရိုက်ယူခဲ့ ရပါသည်။ ဟိုဖက်ကိုသွားဖို့ ကတော့မလွယ်ကူဘူးလေ။


တော်တော်ကလေးကျယ်ဝန်းသည်ကိုတွေ့ မြင်ရပေသည်။ ကျန်တဖက်မှလှမ်းရိုက်ထားလိုက်သောပုံပါ။


Thursday, June 24, 2010

အဇာတသတ်မင်းတည်ထားသောဓါတ်တော်တိုက်


အဇာတသတ်မင်းသည် ရရှိသည့်  မြတ်စွာဘုရား၏ ဓါတ်တော်များမြှုပ်နှံသိုဝှတ်ထားသည့် ဓါတ်တော်တိုက်
ဖြစ်သည်။ မြတ်စွာဘုရားကို လွန်စွာကြည်ညို၍  ရရှိလာသောဘုရားဓါတ်တော်များကို ၇ နှစ်၊ ၇ လ၊ ၇ ရက်
အုကီးအကျယ်ပူဇော်ချင်သည်။ ဌာပနာရန် မြေမြတ်မဟာကိုရှာဖွေရာ ဤနေရာမြတ်မှာ အတောင်(၈၀)တူး
၍လုံခြုံစွာ သိုဝှက်သိမ်းဆည်းပြီး ဓါးစက်လှံစက်များ တပ်ဆင်ထားသည်။ ခြေဝင်ခြေပြတ်၊ လက်ဝင်လက်ပြတ်
သည်ဟုဆို၏။
                  အဇာတသတ်မင်း၏အေုကာင်းကိုနောက်ပို့ စ်မှာတင်ပြပါအုံးမည်။


                                အဇာတသတ်မင်းတည်ထားသောဓါတ်တော်တိုက်





Wednesday, June 23, 2010

ဗိမ္ထိသာရမင်ုးကီး၏ဘ္ပာတိုက်


                                                                                ဗိမ္ထိသာရမင်ုးကီး၏ဘ္ပာတိုက်
      ဗိမ္ထိသာရမင်ုးကီးကိုတော့လူတိုင်းသိုကမှာပါ။ သူ့ ရဲ့ ဘ္ပာတိုက် ကိုတော့ ရောက်ဖူးသူတွေ သာမြင်ရတွေ့ ရမှာပါ။  မရောက်ဖူးပေမဲ့ ရောက်ဖူးသလိုအနီးကပ်ရိုက်ထားတာတွေတင်ပေးလိုက်ပါတယ်။
တော်တော်လုံခြုံပါတယ်။ အားလုံးဟာကျောက်သားစစ်စစ်တွေကြီးဘဲတည်ဆောက်ထားတာ။ ယနေ့ အထိ
အကောင်းအတိုင်းဖြစ်နေသေးတာကိုကြည့်ခြင်းအားဖြင့်တွေ့ သိမြင်နိုင်ပါတယ်။ ဘ္ပာတိုက်အပြည့်သာရှိ
တဲ့ ရွှေဒဂါင်္းတွေ လက်ဝတ်ရတနာ ကျောက်သံပတ္တမြားတွေကိုတွေးပြီးသာမြင်မိကြပါတော့-------

                                                                                                                







Wednesday, June 16, 2010

ဝေဠုဝန်ကျောင်းတော်ကြီး


မပြီးဆုံးသေးသော ဗုဒ္ဌဂါယာခရီး - - - -
တောင်ငါးလုံးကာရံထားသလိုတည်ရှိနေတဲ့ဝေဋုဝန်ကျောင်းသည်ရာဇဂြိုလ်မြို့ တွင်တည်ရှိသည်။
ဗိမ္တိသာရမင်ုးကီး ကမြတ်စွာဘုရားအမှူးပြုသောရဟန်းသံဃာတော်များအားသာသနာ၌ပထမဦးဆုံး-ဆောက်လုပ်လှူဒါန်းခဲ့ သည့်ဝေဠုဝန်ကျောင်းဝင်းဖြစ်သည်။
မြတ်စွာဘုရားသည် ဤဝေဠုဝန်ကျောင်းတွင်
ဒုတိယဝါ
တတိယဝါ
စတုတညဝါ - သုံးဝါသီတင်းသုံးခဲ့ပါသည်။
                                                    
                                                              ဝေဠုဝန်ကျောင်းအဝင်ဝမှ ဝါးရုံပင်များ



အမျှဝေခြင်းအစ ဝေဋုဝန်ကျောင်းတော်ရာကလို့ ဆိုခဲ့ရင်မှားမည်မထင်။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဗိမ္တိသာရမင်ုးကီးကညဖက်မှာမကောင်းတဲ့အိမ်မက်မြင်မက်တယ်
အိမ်မက်မကောင်းတဲ့အတွက် မြတ်စွာဘုရားကိုလျောက်တင်ခဲ့တယ်

တပည့်တော်ညကအိမ်မက်ဆိုးတွေမက်ပါတယ်ဘုရား-
အဲဒါ ဘာအုကာင်းအရာများဖြစ်ပါသလဲဘုရား---ဆိုပြီးမြတ်စွာဘုရားကိုလျှောက်တယ်
မြတ်စွာဘုရားက
အရှင်မင်းကြီးရဲ့ အတိတ်ဘဝက တော်စပ်ခဲ့ဘူးတဲ့ ရွှေတော်မျိုးတော်တွေကအမျှအတမ်းလိုချင်၍စောင့်မျှော်နေ
တယ်-ဒါကြောင့်အမျှအတမ်းပေးဝေပေးရမယ်  ---- -လို့ မိန်ုးကားခဲ့တဲ့နေရာဖြစ်တယ်
မင်းရဲ့အမျိုးတွေဟာပိတ်တာဘဝဘာကြောင့်ရောက်ခဲ့ရသလဲဆိုရင်---င်္ကံဖဘုရားရှင်လက်ထက်တော်ကသံဃာတော်အရှင်သူမြတ်များကိုကပ်လှူမည့် ဆွမ်း-ဘောဇဉ်တွေကို
သံဃာတော်များကိုမကပ်ခင်မှာခိုးပြီးတော့ဘုန်းပေးကြတယ်။ ဒါကြောင့်ပိတ်တာဘဝကိုရောက်ခဲ့ကြပြီးကဿဖဘုရားရှင်လက်ထက်တော်ကတည်းကခံခဲ့ရတဲ့
အကုသိုလ်ဝဋ်ကျွေးဟာဂေါတမဘုရားလက်ထက်တော်ရောက်တော့မှကျွတ်တမ်းဝင်ခဲ့ရတယ်။
ဒါကြောင့်အမျှဝေခြင်းအစ ဝေဋုဝန်ကျောင်းတော်ရာကဖြစ်ပါတယ်။


ဘာေုကာင့်ဝေဋုဝန်ကျောင်းလို့ခေါ်သလဲဆိုခဲ့ရင်ဝါးတောတွေကြားထဲမှာတည်ဆောက်ထားတာကြောင့် 
ဝေဋုဝန်ကျောင်းလို့ခေါ်ပါတယ်။


မြတ်စွာဘုရားဝေဋုဝန်ကျောင်းအတွင်းမှာဟောကြားတော်မူခဲ့တဲ့အထဲမှ

အကုသိုလ်မှန်သမျှကို နဲနဲကလေးလည်းမလုပ်ပါနဲ့  များများကြီးလည်းမလုပ်ပါနဲ့ 

ကုသိုလ်မှန်သမျှကိုနဲနဲ ကလေးလည်းလုပ်ပါ  များများကြီးလည်းလုပ်ပါ။

မိမိရဲ့ စိတ်ထားကလေးကိုဖြူနေအောင်ထားပါလို့  - - - ဘုရားကဟောုကားခဲ့ပါတယ်။


အလှမာန်တက်နေတဲ့ခေမာမိဘုရားကိုအကျွတ်တရားရအောင်ချွတ်တော်မူခဲ့၍
ခေမာမိဘုရားတရားရတဲ့နေရာလည်းဝေဋုဝန်ကျောင်းဒီနေရာဘဲဖြစ်ပါတယ်။

                                                            ရှဥ့်နက်ရေကန်( ကလိံ္ဋကရေကန်)

မြတ်စွာဘုရားသည်
ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော နေရာမှာဝေဠုဝန်ကျောင်းဝင်းအတွင်းမှာဖြစ်သည်။


                                                                   ဝေဠုဝန်ကျောင်းဝင်းအဝင်ဝဆိုင်းဘုတ်