Wednesday, March 7, 2012

သီတဂူဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက်မွေးနေ့  ၇-၃-၂၀၁၂


 
                                        ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ
                                   
 
 ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏
အတ္ထုပ္ပတ္တိနှင့် သာသနာပြု လုပ်ငန်းများ
=========================

၁။ ၁၂၉၈-ခု၊ ခရစ်နှစ် ၁၉၃၇-ခုနှစ်တွင် ပဲခူးတိုင်း၊ သဲကုန်းးမြို့နယ်၊ ပုတီးကုန်းမြို့တွင် မွေးဖွားခဲ့သည်။
၂။ ၁၃၀၅-ခု၊ ခရစ်နှစ် ၁၉၄၄-ခုနှစ်တွင် သဲကုန်းမြို့ တပ်ရွာအလယ်ကျောင်းတွင် ဘုန်းတော်ကြီး ကျောင်းပညာ အခြေခံများကို စတင်သင်ယူသည်။
၃။ ၁၃၁၃-ခု၊ ခရစ် ၁၉၅၂-ခုနှစ်တွင် ရှင်သာမဏေပြုသည်။
၎။ ၁၃၁၈-ခု၊ ခရစ် ၁၉၅၇-ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ပညာသင်ကြားသည်။
၅။ ၁၃၂၂-ခု၊ ခရစ် ၁၉၆၁-ခုနှစ် တွင် ဓမ္မာစရိယစာချတန်း အောင်မြင်သည်။ “သာသနဓဇဓမ္မာစရိယဘွဲ့”ကို ရရှိသည်။
၆။ ၁၃၂၄-ခု၊ ၁၉၆၃-ခုနှစ်တွင် သံဃတက္ကသိုလ်သို့ ၀င်ရောက်သည်။
၇။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်တွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကို ရရှိသည်။
၈။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်မှာပင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. ကောလိပ်) တည်ထောင်သည်။
၉။ ၁၃၂၉-ခု/ ၁၉၆၈-ခုနှစ်တွင် စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချသည်။
၁၀။ ၁၃၃၄-ခု၊ ၁၉၇၂-ခုနှစ်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ပဋိပတ်အလုပ် စတင်အားထုပ်ခဲ့သည်။

၁၁။ ၁၃၃၆-ခု၊ ၁၉၇၅-ခုနှစ်မှ စတင်ကာ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ စတင်ဟောကြားသည်။
၁၂။ ၁၃၃၈-ခု၊ ၁၉၇၇-ခုနှစ်တွင် စစ်ကိုင်းတောင်၌ (အရှေ့)သီတဂူကျောင်းတိုက်ကို စတင်တည်ထောင်သည်။
၁၃။ ၁၃၄၀-ခု၊ ၁၉၇၈-ခုတွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်သည်။
၁၄။ ၁၃၄၁-ခု၊ ၁၉၇၉-ခုတွင် ကမ္ဘာလှည့် သာသနာပြုလုပ်ငန်းကို စတင်သည်။

ယနေ့အထိ နိုင်ငံပေါင်း (၅၀)ကျော် လှည့်လည်ခဲ့ပြီး၊ အစည်းအဝေးပေါင်း (၃၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်သည်။

၁၅။ ၁၃၄၂-ခု၊ ၁၉၈၀-ခု၊ တွင် စစ်ကိုင်းတောင် သီတဂူရေအလှူတော် စီမံကိန်း တည်ဆောက်သည်။

၁၆။ ၁၃၄၇-ခု၊ ၁၉၈၅-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်တည်ဆောက်သည်။
၁၇။ ၁၃၅၁-ခု၊ ၁၉၉၀-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်ဖွင့်လှစ်သည်။
၁၈။ ၁၃၅၄-ခု၊ ၁၉၉၂-ခုတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကို စတင်ချမှတ်ဆောင်ရွက်သည်။
၁၉။ ၁၃၅၆-ခု၊ ၁၉၉၄-ခုတွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်သည်။
၂၀။ ၁၃၅၈-ခု၊ ၁၉၉၆-ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်သည်။

ကျမ်းစာအုပ်များ…
===========

=ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း (၈၀) ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း (၂၀) ကျော်တို့ကို ထုပ်ဝေခဲ့ပြီးဖြစ်သည်။



သာသနာပြုဘွဲ့တံဆိပ်တော်များ
=================

=ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထ၀ါစက ဘွဲ့တံဆိပ်တော်များ အပြင် မြန်မာနှစ်(၁၃၅၈-ခု) ခရစ်နှစ် (၁၉၉၇-ခု)တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို ဆပ်ကပ်ပူဇော်ခဲ့သည်။

smile=မြန်မာနှစ် ( ၁၃၆၅) ခု၊ ခရစ်နှစ် ၂၀၀၃-ခုနှစ်က ဒီလစ် (D.litt) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်က အပ်နှင်းခဲ့သည်။
=မြန်မာနှစ် ၁၃၆၇-ခု၊ ခရစ်နှစ်၂၀၀၅-ခုတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ ( Ph.D) ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။


ဆရာတော်အား ကင်မွန်းတပ် ခေါ်ဝေါ်ခဲ့သော နာမည်များ…
===============================

=သပိတ်အိုင်တောရတွင် နေခဲ့ဖူးသောကြောင့် သပိတ်အိုင်ဆရာတော်ဟုလည်း အမည်တွင်သည်၊
=သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် သဲကုန်းဆရာတော်ဟုလည်း အမည်တွင်သည်၊
= သီတဂူကျောင်း၊ သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့ကို တည်ထောင်တော် မူခဲ့သည် ဖြစ်ခြင်းကြောင့် သီတဂူဆရာတော်ဟုလည်း အမည်တွင်သည်။
ယခုအခါ ဆရာတော်သည် သက်တော် (၇၄)၊ ၀ါတော် (၅၄)၀ါ ရှိနေပြီ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး ပင်မ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စာသင်သားများအား ဗုဒ္ဓစာပေများကို ပါဠိ+ မြန်မာ+အင်္ဂလိပ်လိုအားဖြင့် ပို့ချရင်း တဖက်မှလည်း လူမျိုးဘာသာ သာသနာအတွက် သာသနာပြု လုပ်ငန်းများကို မနားမနေ အားထုတ်လျှက် ရှိပါသည်။
 
                                           ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ